လယ်ဝေး အောက်တိုဘာ ၃၀
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဥတ္တသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ်နှင့် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စဥ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စာသင်ဝိုင်းများအား သွားရောက်ကြည့်ရှုအား ပေးခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက ဥတ္တရသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဋ္ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ရက် ၉၀ စဥ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုကာ စေတနာရှင်လုပ်အားပေး နည်းပြသင်ကြားပေးသူများနှင့် စာသင်သားများအား တွေ့ဆုံအားပေးစကားပြောကြားကာ စာရေးကိရိယာများနှင့် အားဖြည့်အစားအစာများ ပေးအပ်ခဲ့သည်။
ထို့နောက်ညနေပိုင်းတွင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင်ဦးဝင်းအောင်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပန်းတင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ဖွင့်လှစ်ထားသည့် စာသင်ဝိုင်းနှင့် အေလာဂိုဏ်းထောက်ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် စာသင်ဝိုင်းများသို့ သွားရောက်ကာ နည်းပြများနှင့် စာသင်သားများအား စားသောက်ဖွယ်ရာနှင့် စာရေးကိရိယာများပေးအပ်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်(၈) မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့အထိ ဆောင်ရွက်နေသည့် ရက် ၉၀ စဥ်ဆက်ပညာရေးလုပ်ငန်းများတွင် စာသင်ဝိုင်း ၄၅ ဝိုင်း၌ စာသင်သား ၄၄၉ ဦးအား စေတနာရှင်နည်းပြနှင့် ကြီးကြပ်များက သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)