ဆိပ်ဖြူမြို့နယ်ရှိ ရေလုပ်သားများ ရေချို ငါးကြီးဖမ်းရာသီလုပ်ငန်းခွင် ဝင်ရောက်

ဆိပ်ဖြူ နိုင်ဝင်ဘာ ၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ရေလုပ်သားများသည် ရေချိုငါးကြီးဖမ်းရာသီကာလ ရောက်ရှိလာသည့်အတွက် အဓိကလုပ်ကိုင်ဆောင်ရွက်ကြသည့် ရေချိုငါးကြီးဖမ်းခြင်းလုပ်ငန်များကို စတင်ဆောင်ရွက်ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကို အမှီပြု၍ ရေချိုငါးဖမ်းခြင်းလုပ်ငန်းကို ဆိပ်ဖြူမြို့ပေါ်ရပ်ကွက်ရှိ ဆိပ်ကမ်းသာ၊ ရေလယ်သောင်၊ ကျီးပင်ကျေးရွာနေ ပြည်သူများက မိသားစုဝင်ငွေရရှိရေး၊ ဒေသခံ ပြည်သူများအတွက် သား၊ ငါးကဏ္ဍ စားသောက်နိုင်ရေးတို့အတွက် အဓိကထား လုပ်ကိုင်ဆောင်ရွက်ကြသည်။

ရေလုပ်သားများသည် ရေချိုငါဖမ်းခြင်းလုပ်ငန်းကို ငါးလုပ်ငန်းဦးစီးဌာန၏ သတ်မှတ်စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်သီတင်းကျွတ်လမှ တပေါင်း လအထိ ရေချိုးငါးကြီးဖမ်းလုပ်ငန်းကို အဓိကထားလုပ်ကိုင် ဆောင်ရွက်ကြောင်း၊ ငါးကြီးဖမ်းလုပ်ငန်း လုပ်ဆောင်ရန် ကြိုတင်၍ ရေလုပ်သားများက ငါးဖမ်းပိုက်များပျက်ရှိမှုမရှိစေရန် ရေအောက်ရှိ သစ်တုံး(ချော်)ဖော်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ရခြင်း၊ လှေများပြုပြင်ခြင်း၊ ငါးကြီးဖမ်းပိုက်များအား စုဆောင်ပြင်ဆင်ဆောင်ရွက်ရကြောင်း၊ ငါးကြီးဖမ်းကာလတွင်  ငါးကြင်း၊ ငါးတန် ၊ ငါးထွေနှင့် ငါးချောင်းတို့ဖမ်းယူရရှိပြီး ရရှိငါးများကို ဆိပ်ဖြူ၊ ချောက်၊ စလေဈေးများ၌ ဒေသခံပြည်သူများအား ကိုယ်တိုင်ရောင်းချမှုများရှိသလို၊ ငါးအတိုးများလျှင် ငါးအရောင်းဒိုင်များ၌ သွင်းကြောင်း ၊ ယခုနှစ်ငါးကြီးဖမ်းအစတွင် ငါးကြင်း၊ ငါးတန်၊ ငါးထွေ တစ်ပိဿာလျှင် နှစ်သောင်းကျပ်မှ နှစ်သောင်းခွဲကျပ်အထိ ရရှိပြီး၊ ငါးဒိုင်သွင်းလျှင် တစ်ပိဿာ တစ်သောင်းကျပ်ရရှိကြောင်း၊ ငါးကြီးဈေးက ယခင်နှစ်ထက် ဈေးအနည်းငယ်ပိုရမှုရှိသလို လှေတစ်စီးမှာ အမျိုးသားလုပ်သားသုံးဦးလိုအပ်ပြီး ရှိလာသောငွေကို အစုလေးစုခွဲ၍ လှေနှင့်ပိုက်အတွက် နှစ်စု၊ အခြားလုပ်သားနှစ်ဦးအတွက် ကျန်နှစ်စုကို ခွဲပေးရကြောင်း၊ တနေ့လျှင်နှစ်ကြိမ် နေ့ည အလှည့်ကျစနစ်ဖြင့် ဖမ်းယူရပြီး လှေတစ်စီးအလိုက်ငွေအမြတ်ရရှိမှုကို ငါကြီးဖမ်းရာသီချိန်ပြီးစီးမှသာ တွက်ယူရပြီးသစ်တုံး ချော်တုံးညိ၍ ငါဖမ်းပိုက်များ ပျက်စီးတတ်သည်းအတွက် ပြန်လည်ဝယ်ယူပြင်ဆင်ရမှုများရှိကြောင်း ရေချိုငါးဖမ်း လုပ်သားများထံမှ ပြောကြားသိရသည်။   

ကိုဇွဲ(အညာမြေ)