တိုက်ကြီးမြို့နယ်တွင် မရှိ၍မလင်းသူမရှိစေရ အစီအစဉ်ဖြင့် မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့ကုသပေး

တိုက်ကြီး နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့များတွင် တိုက်ကြီးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် "မရှိ၍မလင်းသူမရှိစေရ” အစီအစဉ်ဖြင့် မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့ ကုသရေးလုပ်ငန်းများကို နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ပြည်သူ့ဆေးရုံကြီးနှင့် တိုက်နယ်ဆေးရုံများ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ မျက်စိရောဂါ အခမဲ့ကုသပေးရာတွင် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်း ဦးဆောင်သော ကျန်မာရေး ဝန်ထမ်းများ၊ ဥက္ကံမြို့ မင်းရဲကျော်စွာ ရပ်ကွက် ဥက္ကံတိုက်နယ်ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဥက္ကံတိုက်နယ်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်‌သက်သက်မွန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အ‌ဖျောက်မြို့တိုက်နယ်ဆေးရုံ၊ အိုင်ကလောင်တိုက်နယ်ဆေးရုံများရှိ တိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊  မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ပူးပေါင်း၍ မျက်စိရောဂါဝေဒနာ ရှင်များအား မျက်စိရောဂါစမ်းသပ်ကုသရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သည်။

အဆိုပါ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့များရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား မျက်စိရောဂါ စမ်းသပ်ကုသရာတွင် ခွဲစိတ်ရန် လိုအပ်သော မျက်စိဝေဒနာရှင်များကို ရန်ကုန်မြို့ရှိ ဆေးရုံများ၌ အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်နှင်းသက် (ပြန်/ဆက်)