အောင်မြေသာစံ နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျေးလက်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၊ ဆယ်အိမ်စုမှူးများအား ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ရုံးခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မမနှင့် တိုင်းဒေသကြီးအမျိုးသမီးရးရာအဖွဲ့၊ နာယက အဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီးဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာမှ ဆယ်အိမ်စုမှူးများ တက်ရောက်သည်။
အစီအစဉ်အရ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားကြပြီး အတွင်းရေးမှူးက ကျေးလက်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၊ ဆယ်အိမ်စုမှူးများအား ထောက်ပံ့လှူဒါန်းရခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဝင်၊ ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာမှ အမျိုးသမီးရေးရာအဖွဲ့၊ ဆယ်အိမ်စုမှူး (၂၁) ဦး၊ အသက် (၈၅) နှစ်အထက် သက်ကြီးပုဂ္ဂိုလ် (၁၆) ဦး၊ မသန်စွမ်း အမျိုးသမီးတစ်ဦး၊ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်ဒါဇင် (၅၀) နှင့် ကျန်းမာရေးအသိပညာ ပေးလက်ကမ်းစာစာင်များကို တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ နာယကဒေါ်မမနှင့် ဝန်ကြီးများ၏ဇနီများ၊ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် ကြောင်ပန်းကုန်းကျေးရွာမှ အမျိုးသမီးရေးရာအဖွဲ့ဝင်၊ ဆယ်အိမ်စုမှူးများကိုယ်စား အဖွဲ့ဝင်တစ်ဦးက လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေများနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းပြောကြားပြီး နာယကနှင့်နာယကအဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
အခမ်းအနားတွင် အမျိုးသမီးရေးရာအဖွဲ့၊ ကျေးလက်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ရွာရှိ အမျိုးသမီးဆယ်အိမ်စုမှုး ၂၁ ဦးအတွက် တစ်ဦးလျှင် ဆန် (၅) ပြည်၊ ဆီတစ်ပိဿာ၊ ခေါက်ဆွဲခြောက် အထုတ် ၃၀ ငါးသေတ္တာဘူးကြီး (၂) ဘူးစီနှင့် ရွာရှိသက်ကြီးပုဂ္ဂိုလ် (၁၆) ဦးတွက် ကန်တော့ငွေ (၈) သိန်းကျပ် မသန်စွမ်းအမျိုးသမီးတစ်ဦးတွက် ငါးသောင်းကျပ် ရွာရှိကျောင်းသား၊ ကျောင်းသူများတွက် ဗလာစာအုပ် ဒါဇင် (၅၀) စုစုပေါင်းတန်ဖိုး (၄၁) သိန်း (၅) သောင်း ထောက်ပံ့လှုဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း (ပြန်/ဆက်)