မိုင်းဆတ် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စု၊ ပိန်းခမ်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက ပိန်းခမ်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကျောင်းသား၊ လူငယ်၊ ပြည်သူများအတွက် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေး ဟောပြောပြီးနောက် ခရိုင်မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူးဦးမင်းဇော်က လယ်ယာမြေနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခမရ(၅၂၈)၊ တပ်ရင်မှူး၊ ဒုတိယ ဗိုလ်မှူးကြီး အောင်ပိုင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာ ရပ်ဖိ၊ ရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)