မင်းကင်းမြို့တွင် (၂၀၂၄) ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

မင်းကင်း နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယမန်နေ့နံနက်ပိုင်းတွင် မင်းကင်းမြို့နယ်၊ ကျောက်အိုးကျေးရွာအုပ်စုတွင်  လှည့်လည်ကောက်ယူခဲ့ကြသည်။

ထိုသို့ သန်းခေါင်းစာရင်း ကောက်ယူရာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်မှု ရှိစေရန်အတွက် အဖွဲ့(၃)ဖွဲ့ဖြင့် ကျောက်အိုးကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာ၊ ပြေကန်ကျေးရွာနှင့် ငှက်ကြီးတုန်း‌‌ကျေးရွာများ၌ စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းပါ အချက်အလက်များကို ဘာသာရပ်တစ်ခုချင်းစီအလိုက် Tablet အသုံးပြု၍ လက်တွေ့ကောက်ယူမှု၊ CAP ဖြင့် လက်တွေ့ကွင်းဆင်း ကောက်ယူမှုများကို ပြည့်စုံစွာ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန်းခေါင်းစာရင်းကောက်ယူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊  အထောက်အကူပြုကော်မတီများ၊  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)