ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာ(အ.မ.က)ကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုနှင့်မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု၊ လှည်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။