ရွှေပြည်သာ နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ် (၂၁) ရပ်ကွက် (လိန်ကုန်း)ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို တောင်သူဦးအောင်နိုင်၏ ကွင်းအမှတ် (၂၈၃) ဦးပိုင် အမှတ် (၂၂) ရှိ မျိုးစေ့ထုတ်စိုက်ခင်း၌ စိုက်ပျိုးထားသောဆင်းသုခ စပါးအမျိုးအစား (၁၀) ဧက၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ ဆင်းသုခစပါးအမျိုးအစား မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရွှေပြည်သာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှမြတ်နှင့် ဝန်ထမ်းများ၊ အမှတ် (၂၁) ရပ်ကွက် (လိန်ကုန်း) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဆန်းနှင့် တောင်သူများ တက်ရောက်ကြပြီး တစ်ဧကအစိုထွက်နှုန်း (၁၁၀.၀၃) တင်းနှင့် အခြောက်ထွက်နှုန်း (၉၄.၀၃) တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)