ပြည်မြို့နယ်၌ သမဝါယမကဏ္ဍမှ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား မျိုး၊သွင်းအားစုများ ပေးအပ်ပွဲကျင်းပ

ပြည် နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ အတွက် သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား စိုက်ပျိုးဧက (၂၀၀) အတွက် ပြည်မြို့နယ် သမဝါယမအသင်းစုပိုင်ငွေဖြင့် (၁) ဧကလျှင် (၂) သိန်းနှုန်းနှင့်ညီမျှသော နေကြာအထွက်တိုး မျိုးကောင်းမျိုးသန့် (ရေဆင်းစပ်မျိုး-၁) သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်သမဝါယမအသင်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆောင်းဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးသည့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုစိုး(ပြန်/ဆက်)