တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး (CTME) စာတမ်းဖတ်ပွဲ အခမ်းအနား ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး (CTME) စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ၊ဗိုလ်တထောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှကြီးမှူးကျင်းပ၍ (၂၃)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးနှီနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ဗိုလ်တထောင်မြို့ အမှတ်( ၃ )အခြေခံပညာအထက်တန်းကျောင်း သစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဘုတ်ပြင်းမြို့ အထက-တောင်ဒဂုံကျောင်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်က ထောင်ခမက်ကျေးရွာအုပ်စု အထက-တောင်ဒဂုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး(CTME) စာတမ်းဖတ်ပွဲ အခမ်းအနား ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး(CTME) စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအကြို ကွင်းဆင်းဆေးကုသ

(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြိုအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနသည် ယမန်နေ့က ဝမ်ဘိုးအုပ်စု၊ ဖကျောက်ကျေးရွာ၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ မြစ်ကမ်းပါး သဲသောင်ခုံပေါ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြေလာစေရေးအတွက် ဘုရားကျောင်းကန်၊ စေတီပုထိုးများနှင့် အများပြည်သူ ဝင်ထွက်သွားရာနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ (၃၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ (၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့်တော်များ တက်ရောက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သံဖြူဇရပ်မြို့နယ်အမှတ်(၂) အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦး‌​ဌေးခိုင်၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ(၉၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အဦများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်ပြီး အများပြည်သူများ စိတ်အေးချမ်းမြေ့စေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ခြုံနွယ်များ၊ မြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓမ္မဗိမာန်တော်ကြီး အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေခြင်းအပေါ် ကြည့်ရှုအားပေးသည်။

ချောင်းဦးမြို့နယ်တွင် ဝိုင်အက်စ်အာဝမ်း(YSR-1)စပါးမျိုးသစ်များ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ဝိုင်အက်စ်အာဝမ်း(YSR-1) စပါးမျိုးသစ်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင် ဝိုင်အက်စ်အာဝမ်း (YSR-1)စပါးမျိုးသစ်ကို ဧက(၅၀)စိုက်ပျိုးထားရှိရာ ၎င်းစပါးမျိုးသည် အပင်ဖြစ်ထွန်းမှုအားကောင်းပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း၊ ဒေသရေမြေနှင့် သင့်တော်ပြီး အပင်ယိုင်လဲမှုမရှိခြင်း၊ သက်တမ်းအားဖြင့် မိုးစပါးတွင်(၁၂၀)ရက်၊ နွေစပါးတွင် (၁၂၅)ရက်ရှိသဖြင့် အသက်လျင်ပြီး စားသုံးရာတွင် အရည်အသွေးကောင်းမွန်ခြင်းနှင့် တစ်ဧကလျင်(၁၂၅)တင်းထိ ထွက်နိုင်သဖြင့် အထွက်နှုန်းကောင်းသဖြင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ထုတ်လုပ်ထားသည့် စပါးမျိုးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။
Subscribe to