မိုင်းဖြတ်မြို့နယ်၌ စဥ်ဆက်ပညာရေးကို စာသင်ဝိုင်း(၂၀)ဖြင့် ဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားများအတွက် သင်ယူသူများ၏ အရေးစွမ်းရည်ပိုမိုတိုးတက်လာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စဥ်ဆက်ပညာရေးအစီအစဥ်မှတစ်ဆင့် ဘဝတစ်သက်တာသင်ယူလေ့လာနေသူများဖြစ်ထွန်းလာရေး စသည့်ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စဥ်ဆက်ပညာရေးကိုဖွင့်ပွဲများကို ယမန်နေ့နံနက်ပိုင်းက နားလီး၊ ပါယောင်း၊ ပြည်ငြိမ်းအေးကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။