ညောင်ဦးမြို့နယ်၌ ရောင်းချလျက်ရှိသော ဆေးဆိုင်များ တရားမဝင်ဆေးဝါးများနှင့်စံမမီဆေးဝါးများရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များ၊ မဏိစည်သူဈေးပတ်လည်နှင့်ဆေးအတွင်းရောင်းချ လျက်ရှိသော ဆေးဆိုင်များအား တရားမဝင်ဆေးဝါးများနှင့် စံမမီဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းအား ယနေ့နံနက် ၁၀ နာရီအချိန်ကပူးပေါင်း အဖွဲ့ဌာနဆိုင်ရာများဖြင့် စစ်ဆေးခဲ့ကြောင်းသိရသည်။