သရက်ချောင်း နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်၊ ကွင်းအမှတ် (၃၇၆BN)၊ ဦးပိုင်(၄၁/၄)ဧရိယာ၊ (၂.၅၀)ဧကရှိ တောင်သူ ဒေါ်သီတာဆင့်ဆင့်၏ လယ်ယာမြေ၌ မိုးစပါး ရက်(၉၀)စပါး တောင်သူပညာပေးစံပြကွက် ၆၆ပေ ပတ်လည် (၀.၁၀)ဧကအား ယနေ့နံနက် ၁၀နာရီအချိန်တွင် ရိတ်သိမ်းခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။
အဆိုပါ စံပြကွက်ရိတ်သိမ်းပွဲကို သရက်ချောင်းမြို့နယ်၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ (၆၆)ပေ ပတ်လည် (၀.၁၀)ဧက စံပြကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက ပျမ်းမျှအစိုအထွက် တင်း (၁၀၁.၅၀)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)