နေပြည်တော် နိုဝင်ဘာ ၁၀
(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ခုတင် (၁၀၀) တိုင်းရင်းဆေးရုံကြီးမှ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာ အမှတ်(၁၉) အခြခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆေးကုသပေးရာတွင် နေပြည်တော် ခုတင်(၁၀၀) တိုင်းရင်းဆေးကြီး ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ဦးဆောင်၍ တိုင်းရင်းဆေးဆရာ၊ ဆရာမများက ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စုအတွင်းမှ ပြည်သူ ၁၂၀ ဦးအား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေငန်း၊ လေဖြန်း၊ ပါးရွဲ့ရောဂါများ၊ အာရုံကြောရောဂါများ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင်၊ အဆစ်နာ၊ သွေးဆုံးမီး ယပ်ရောဂါများ၊ ကလေးသူငယ်နာရောဂါများ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ အခြားအနာပေါက်ရောဂါများ၊ ရာသီတုပ်ကွေးနှင့် အဖျားရောဂါအမျိုးမျိုးတို့ကို တိုင်းရင်းဆေးဖြင့် ကုသဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)