လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သို  နိုဝင်ဘာ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာမဒေါ်နော်ဒိုနီးရှာက ကျောင်းသား၊ ကျောင်းသူများအား အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်ပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် မျိုးဆက်သစ်လူငယ်များအနေဖြင့် လူကြီးများ၏ နေရာတွင် ပခုံးပြောင်း၍ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့်လေ့လာ၍ မကုန်နိုင်သော ဘ၀တက္ကသိုလ်ကြီးများဖြစ်သော စာကြည့်တိုက်များသို့ သွားရောက်၍ စာဖတ်ကြခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကို သိရှိလာကြမည်ဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့်စပ်လျဉ်း၍ ပညာပေးဟောပြောခဲ့ သည်။

ထို့နောက် အထွေထွေဗဟုသုတ သိမှတ်ဖွယ်ရာများ နံရံကပ်စာစောင် ပြသထားရှိမှုအား  ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိလိုသည်များအား မေးမြန်းရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်