ပြည်မြို့မအူ​တောအုပ်စု၊ မအူတောကျေးရွာ အခြေခံပညာမူလတန်း (လွန်) ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မအူတောအုပ်စု၊ မအူတောကျေးရွာ အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်မြို့နယ် စာရေးဆရာအသင်းတို့ ပူး​ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးလုပ်ငန်းများကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်အေးစန္ဓာနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ကိုလွင်တို့က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ခရိုင်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်က ကျောင်းသား၊ ကျောင်းသူ ကလေးများအား အနာဂတ်ရည်မှန်းချက်ခေါင်းစဥ်ဖြင့်၊ အသိပညာဟောပြောပြီး ပြည်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ မောင်မတ်စေ့ (တီတွဒ်) ကစာပေနှင့် ဘဝအတွေ့အကြုံ၊ စာရေးဆရာမမဇူရီ(ပြည်)စာဖတ်ခြင်းအကျိုးကျေးဇူး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောသည်။ စာဖတ်ခြင်းအကျိုးကျေးဇူး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းကစားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောသည်။

ထို့နောက် မအူတောကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်နိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူးများ ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ကိုစိုး (ပြန်/ဆက်)