မိုင်းဆတ် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် မိမိတို့နိုင်ငံ၏ အထိမ်းအမှတ်နေ့ရက်များကို အစဉ်အမြဲအမှတ်ရနေစေရန်ရည်ရွယ်၍ ယနေ့နေ့လယ် ၁၂ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံခေါင်းစဉ်ဖြင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် နိုင်ငံအတွက်အရေးကြီးပုံအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက တက္ကသိုလ်ပညာရေးသပိတ် စတင်ပေါ်ပေါက်လာပုံ၊ ပထမကျောင်းသားသပိတ်စတင်ပုံ၊ အမျိုးသားပညာရေးကောင်စီဖွဲ့စည်းပြီး အမျိုးသားနေ့သတ်မှတ်ပုံနှင့် သမိုင်းတွင်သောနေ့ဖြစ်ပေါ်လာပုံတို့အားလည်းကောင်း အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များအားတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)