ရွာငံမြို့၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ နယ်လှည့်စာဖတ်ဝိုင်းများပြုလုပ်

ရွာငံ နိုဝင်ဘာ ၂၁

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့်  (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ နယ်လှည့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ရွာငံမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း၊ တောင်ခေါင်းပွာကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က ဟောပြောပွဲကျင်းပရခြင်း၏  ရည်ရွယ်ချက်၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင်ရောက်ရှိမည့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် စာဖတ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက်ကျောင်းစာအပြင် ပြင်ပစာအုပ် စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နံရံကပ်စာ​စောင်​ပြပွဲနှင့် သတင်းစကား လက်ကမ်းစာ​စောင်များကိုလည်း​ ဖြန့်ဝေဆောင်ရွက်ရာ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုကြပြီး သုတ/ရသ စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထို့အတူ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များ ပြသ​​ခြင်းကို ရေဦးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ပြုလုပ်ဆောင်ရွက်ရာ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြည့်ဖြိုးသန့်