ဘိုကလေးမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ပြင်ဆင်မှုများဆောင်ရွက်

ဘိုကလေး ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုများဖြင့် ယခုအချိန်၌ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီဝင်များက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။

ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် ဘိုကလေးမြို့နယ်၏လူစည်ကားရာနေရာတစ်ခုဖြစ်သော တတိယလမ်းမနှင့် မြို့မအောက်ပိုင်းဘောလုံးကွင်းထောင့်တွင် မြို့နယ်ရေကစားမဏ္ဍပ် ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပနိုင်ရန်အတွက် တတိယလမ်းမပေါ်၌ လျှောက်လမ်းအမိုးများ ဆောက်လုပ်ခြင်း၊ ရေသွယ်ယူရရှိရေး လုပ်ငန်းစဉ်များဆောင်ရွက်ခြင်း၊ ယိမ်းအကများအပါအဝင် ဖျော်ဖြေရေးကဏ္ဍများ ထည့်သွင်းနိုင်ရေး ကြိုတင်လေ့ကျင့် ပြင်ဆင်ခြင်းတို့ဆောင်ရွက်လျက်ရှိပြီး အဆိုပါမြို့နယ်ရေကစားမဏ္ဍပ်၌  သင်္ကြန်ကာလ တစ်လျှောက် စတုဒီသာကျွေးမွေးခြင်းများပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ဘိုကလေးမြို့နယ်အနေဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်