မအူပင် ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများအား ရက်အလိုက် ဧပြီလဆန်းပိုင်းမှစတင်၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်များတွင် စားအုန်းဆီလက္ကားကိုယ်စားလှယ်များမှ ကုန်ဈေးနူန်းတည်ငြိမ်ရေးအတွက် စားအုန်းဆီဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစားအုန်းဆီရောင်းချခြင်းအား ကြာပေါ့စားအုန်းဆီကိုယ်စားလှယ် ဦးသက်ဦးနှင့် ဦးဌေးဝင်း မွန်းလိုက် လက်ကားကိုယ်စားလှယ်တို့မှ ရပ်ကွက်နေပြည်သူများအား တစ်ပိဿာလျှင် ၇၃၀၀ ကျပ်နှုန်း ပြည်သူတစ်ဦးလျှင် ၅၀ ကျပ်သားဖြင့် စုစုပေါင်း ပိဿာချိန် ၁၁၀ အား ရောင်းချပေးနေမှု များအား ဌာနပေါင်းစုံပူးပေါင်းအဖွဲ့မှ ကွင်းဆင်းကြပ်မတ်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်