တနိုင်းမြို့နယ်၌ ကား၊ ဆိုင်ကယ်ယာဥ်များ စုံရက်၊ မရက် ခွဲခြား၍မောင်းနှင်ရေးအား  လိုက်လံ​​ကြည့်ရှုစစ်ဆေး

တနိုင်း ဧပြီ ၇ 

တနိုင်းမြို့နယ်၌ ကား၊ ဆိုင်ကယ်များ စုံရက်၊ မရက်ခွဲခြား၍ မောင်းနှင်ရေးအား ​လိုက်လံကြည့်ရှုစစ်ဆေးရာ စက်သုံးဆီများ ချို့ခြံချွေတာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်း ၁၀ နာရီက တနိုင်းမြို့ရှိ မင်းထက်သာဓာတ်ဆီအရောင်းဆိုင်နှင့် ဒိုးကလေးဓာတ်ဆီအရောင်းဆိုင်​တွင် စစ်ဆေးကြောင်း သိရသည်။  

အဆိုပါစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့များ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များက လိုက်လံ​​ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)