ဒေးဒရဲမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဗဟိုမဏ္ဍပ်တွင်ကပြဖျော်ဖြေမည့်ယိမ်းအဖွဲ့များက သက်ဆိုင်ရာရပ်ကွက်၊ အုပ်စုများအလိုက် ကြိုတင်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။