ပေါင်မြို့နယ်၌ လမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပေါင် ဧပြီ ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ယခုနှစ်တွင် ဖျော်ဖြေရေးယိမ်းအကများ၊ ပြိုင်ပွဲဝင်ယိမ်းအကများဖြင့် အလှည့်ကျ ဖျော်ဖြေတင်ဆက် ယှဉ်ပြိုင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လှပျိုဖြူများမှ မြန်မာ့ရိုးရာသင်္ကြန်တွင် ညီညာစွာဖျော်ဖြေနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ (ဗဟို) မဏ္ဍပ်ကို သပ်ရပ်သေချာပြီး ခိုင်ခန့်အောင် ပြုလုပ်ဆောင်ရွက်ထားရန် မှာကြားဆွေးနွေးခဲ့သည်။

ဆက်လက်၍ အဖွဲ့ဝင် ဗိုလ်မှူး‌ကျော်နိုင်ဦးက လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုက ရေရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး‌ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်တို့က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)