ကြည့်မြင်တိုင် ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကာတွန်းရေးဆွဲနည်းသင်တန်းကို ယမန်နေ့က ဆက်လက်သင်ကြားပေးလျက်ရှိသည်။
သင်တန်းတွင် ဆရာဦးလှသိန်းက မျဥ်းဖြေင့်၊ မျဥ်းကွေး၊ အနီးအဝေး၊ အနိမ့်အမြင့်၊ လူပုံရေးဆွဲခြင်းအဆင့်ဆင့်တို့ကို စာတွေ့လက်တွေ့သင် ကြားပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလကို ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၄ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး ဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် အခမဲ့သင်တန်းများအပြင် စာအုပ်စာစောင်ပြပွဲများ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)