မိုးညို ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ နွေရာသီကာလအပူရှိန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများနှင့် အပူဒဏ်အန္တရာယ်များကို ပြည်သူများသိရှိစေရန် အသိပညာပေခြင်းလုပ်ငန်းများကို ယမန်နေ့က ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆင်မနိုင်အုပ်စုကျေးလက်ကျန်းမာရေးဌာနနှင့် ရေကင်းအုပ်စု ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆင်မနိုင်ကျေးရွာနှင့် သက်ကယ်တန်းကျေးရွာနေပြည်သူများအား အပူရှိန်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါလက္ခဏာများ၊ အပူလျှပ်ခြင်းနှင့် ရှေးဦးပြုစုခြင်းနည်းလမ်းများ၊ အပူဒဏ်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် နေထိုင်စားသောက်ရမည့်နည်းစနစ်များ၊ အပူဒဏ်အန္တရာယ်ဖြစ်ပွားခဲ့လျှင် စောလျင်စွာဆေးဝါးကုသမှုပေးနိုင်ရေးအတွက် နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသကြရန် အသေးစိတ်ရှင်းလင်းပြောကြားပြီး အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)