ဒေးဒရဲ ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဗဟိုမဏ္ဍပ်တွင်ကပြဖျော်ဖြေမည့်ယိမ်းအဖွဲ့များက သက်ဆိုင်ရာရပ်ကွက်၊ အုပ်စုများအလိုက် ကြိုတင်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
၁၃၈၇ခု မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာအတွင်း ဒေးဒရဲမြို့နယ်ဗဟိုမဏ္ဍပ်၌ နေ့စဉ်ဖျော်ဖြေရန်ယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတဝိုင်းများစီစဥ်ထားရှိပြီး လမ်းလျှောက်သင်္ကြန်နှင့် စတုဒီဿာမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များအား အချိန်မီတည်ဆောက်ပြီးစီးရေး၊ ပြည်သူများအေးချမ်းပျော်ရွှင်စွာရေသဘင်ပွဲအား ပါဝင်ဆင်နွှဲနိုင်ရေး သက်ဆိုင်ရာကော်မတီများအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း