နေပြည်တော် ဧပြီ ၈
နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊က အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးကဏ္ဍများ ပိုမိုးတိုးတက်အောင် သရ်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာရုံးများ၊ မြို့ရွာများနှင့် လမ်းဘေးဝဲ/ယာသန့်ရှင်းသာယာလှပရေးနှင့်စပ်လျဉ်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် ယခုအချိန်သည် ပွင့်လင်းခြောက်သွေ့သည့်ရာသီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပွားအောင် အထူးဂရုပြုကြစေလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)