ကရသူရိမြို့၌ ယာဉ်အန္တရာယ်ကင်းဝေးရေး  စစ်ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌  ယာဥ်မောင်းနှင်းသူများသည် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းဝေးရေး အပတ်စဉ် စစ်ဆေးခြင်းကို ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်၊ ပြည်ထောင်စုကားလမ်းမကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် ၊နံရံကပ်ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

မျိုးဆက်သစ် ကျောင်းသားကျောင်းသူ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အမက ကြာနီကန်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။

ကျုံပျော်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှုလျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်ရုံအလုပ်ရုံဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျွဲခြံဒေါင့်အုပ်စု၊ သပြေငူကျေးရွာဝင်းမေတ္တာဆန်စက်၌ ဇန်နဝါရီ ၅ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းမရှိသူများနှင့် ပျောက်ဆုံး၊ ပျက်စီး၊ လှဲလှယ်ခြင်းတို့အား One Stop Service ဖြင့် ဆောင်ရွက်ပေး

ဇီးကုန်းမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းမရှိသူများနှင့် ပျောက်ဆုံး၊ ပျက်ဆီး၊ လှဲလှယ်ခြင်းတို့အား One Stop Service ဖြင့် ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဇန်နဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိဆောင်ရွက်ပေးလျက်ရှိသည်။

ညောင်ဦးမြို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာ ထူးချွန်ဆုပေးပွဲ အခမ်းအနားကို  ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီအချိန် ပန်းမျိုးတစ် ရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျောင်းကုန်းမြို့နယ်၊ ပန်းတောရိုး‌အုပ်စု၊ ပန်းတောရိုး အနောက်စုကျေးရွာအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အဆိုပါ ကျေးလက်ဦးစီးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး  

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အနေဖြင့် ပါတီစုံဒီံမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း-၂ တွင် ကျင်းပမည့် ရွှေမိုးမြေကျေးရွာ မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ယမန်နေ့နံနက်ပိုင်းက တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ရွေးကောက် ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက ဝမ်းတွင်းဈေးကြီး၊ သဲတော-ဝမ်းတွင်း လမ်းမကြီးဘေးရှိ စတိုးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ ဆိုင်ကယ်ပစ္စည်းနှင့် ဝပ်ရှော့ဆိုင်များ၊ အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း)ရှေ့ရှိ ကျောင်းသားမိဘများ၊ လဝကရုံးရှိ ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။            

ဒဂုံမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပါတီစုံဒီကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမတွင် ကျင်းပကြောင်း သိရသည်။
Subscribe to