အုတ်တွင်း ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်တို့က မီးဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအချက်များ၊ မီးလောင်မှုစတင်ဖြစ်ပွားစေတတ်သည့် အကြောင်းအရာများ၊ မီးလောင်မှုဖြစ်ပွားလျှင် ဆောင်ရွက်သင့်သည့် အချက်များ စသည့်ခေါင်းစဥ်များဖြင့် အသိပညာပေးဆွေးနွေးပေးခဲ့ကြသည်။
အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများကလည်း တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်း၊ အသိပညာပေးလှုံ့ဆော်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မီးလောင်နေစဥ်ကြောက်ရွံ့ထိတ်လန့်ခြင်း မဖြစ်စေရန်၊ မိမိပြင်ဆင်ထားသော မီးသတ်ပစ္စည်းများဖြင့် ငြှိမ်းသတ်ရန်၊ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန်၊ မီးခိုးများ မရှုမိစေရန် ရေစိုအဝတ်ဖြင့် မျက်နှာကိုကာကွယ်ရန် စသည့်အချက်များလည်း လုပ်ဆောင်သင့်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)