ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်း ရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် တောင်သူများအား လျော်ကြေးငွေကျပ် ၁၂၉ ဒဿမ ၃၆၀ သန်းပေးအပ်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်နေသည့် ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်း၏ ရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် တောင်သူများအား လျော်ကြေးငွေပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ဘားအံခရိုင်နှင့်လှိုင်းဘွဲမြို့နယ်များမှ တောင်သူများအား စုစုပေါင်းသီးနှံလျော်ကြေး ငွေကျပ် ၁၂၉ ဒဿမ ၃၆၀ သန်းကို ပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။