သရက် နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ရာပြည်သဘင်နှင့် (၃၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပခြင်း ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရာပြည့်သဘင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်အဆင့် ဆို၊ က၊ ရေး၊ တီး ရွှေတံဆပ်ဆုရှင် ကျောင်းသားဟောင်း ဦးတင်မြင့် (တက္ကသိုလ်မောင်ဆန္ဒ)ရေးစပ်ထားသော ပီတိပွင့်တွေလှိုင်တဲ့ပွဲ တေးသီးချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကန့်တော့ခံ ဆရာကြီး/ဆရာမကြီးများအား ကျောင်းသား/ကျောင်းသူဟောင်းများနှင့် မိတ်ဆက်ပေးကာ ကန်တောခံ ဆရာကြီး/ဆရာမကြီးများအား ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။
ထို့နောက် ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများအား ကန်တော့ငွေများဖြင့် လှူဒါန်းခဲ့ကြပြီး အ.ထ.က(၁)တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းဟောင်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲကြသည်။ ဆက်လက်၍ ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများမှ ဆုပေးစကားများ ပြောကြားပေးခဲ့ပြီး ကျောင်းသားဟောင်းဦးခင်မောင်သန်းက ရာပြည့်မေတ္တာတေးသီးချင်းဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)