ရေစကြို နိုဝင်ဘာ ၂၆
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့၊ အ.ထ.က(၁) မြတမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို အ.ထ.က(၁) ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်းမှ ဖတ်ကြားပြီးနောက် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးညီညီအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးညီညီအောင်၊ အဖွဲ့ဝင်(၂) ဦးကျော်ဝင်း၊ အဖွဲ့ဝင်(၃)ဦးသောင်းဝင်း၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝမ်း၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းမောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အ.ထ.က(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြနှင်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၃၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေဇင်မို့(ရေစကြို)