သာကေတ နိုဝင်ဘာ ၂၆
(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်ရှိ တိုးချဲ့(၂)လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယနေ့နံနက် ၈ နာရီခွဲအချိန်၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြာခဲ့ပြီး ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ရာ၌ ထည့်ဝင်လှူဒါန်းသည့် အလှူရှင်ဦးကိုကိုလေးအား ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သူရိန်ဇော်၊ ၁/အနော်မာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ၁/အနော်မာရပ်ကွက်ရှိ တိုးချဲ့(၂)လမ်းကွန်ကရစ်လမ်းသစ်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်ခွင့်ပြုငွေ (၃၉.၈၇၂) ကျပ်သန်းဖြင့် ဆောက်ရွက်ကာ အရှည် (၈၉၀) ပေ၊ အကျယ်(၁၆)ပေ၊ (၆)လက်မထုရှိပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)