လွိုင်လင် နိုဝင်ဘာ ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ပြုလုပ်ပါသည်။
စာကြည့်တိုက်များရှင်သန်ခိုင်မာပြီး၊စာကြည့်တိုက်လုပ်ငန်းများစနစ်တကျဖြစ်စေရန်၊ ပညာရပ်အလိုက် သုတရသစာအုပ်များ၊ တိုက်ပိုင်စာအုပ်များကို မှတ်သားမှုစနစ်မှန်ကန်စေရန်၊ လယ်ဂျာရေးသွင်းရန်များကို ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာချိုက စာတွေ့လက်တွေ့ ရှင်းလင်းသင်ကြားပြသပေးခဲ့သည်။
အဆိုပါစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းသို့ လွိုင်လင်မြို့နယ် လွိုင်မုံမိုင်းကျေးရွာမှ သင်တန်းသူများနှင့် ခရိုင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ခရိုင်ပြန်/ဆက်