ရမည်းသင်း နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူး၍ ဆည်ကြီးကျေးရွာ၌ ယနေ့နံနက်(၁၀)နာရီခွဲ အချိန်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကလေးအလုပ်သမားဟူသည် ကလေးဘဝရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကိုကင်းမဲ့စေကာ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့် အလုပ်မျိုးကို လုပ်ကိုင်နေသူများဖြစ်ကြောင်း၊ ကလေးအလုပ်သမားဖြစ်ခြင်းသည် ပညာသင်ကြားခွင့်မရနိုင်ကြာင်း၊ ကလေးအလုပ်သမား အသက်အရွယ်အပိုင်းအခြား စသည်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် ကျေးလက်ပြည်သူများမှ ကလေးအလုပ်သမားဆိုင်ရာမှ သိရှိလိုသည်များကို မေးမြန်းရာ ဒေါ်သိမ့်သိမ့်မျိုးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြာင်း သိရသည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနှင့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ခင်းကျင်းပြသရာ တက်ရောက်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)