ဇလွန် နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံအိမ်ထောင်စုများအား ကြက်ဥများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီတွင် မြို့မစျေးသစ်တွင် ရောင်းချပေးခဲ့သည်။
အခြေခံအိမ်ထောင်စုများအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူပေါင်း၍ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန် ပစ္စည်းများအား ကုန်စျေးနှုန်း တည်ငြိမ်စေရန်အတွက် ကြက်ဥတစ်လုံးလျှင် (၃၈၀) ကျပ်နှုန်းဖြင့် လိုအပ်သလို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝေယံ ဇလွန် (ပြန်/ဆက်)