တွံ​တေးမြို့နယ်တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ လက်ရေးလှ၊ ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

တွံတေး နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည် မြင့်မားလာစေရန်အတွက် လက်ရေးလှ၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၂) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်က အဖွင့်အမှာစကားနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ​ မူလတန်းအောက်ဆင့် Grade-1၊

Grade-2၊ Grade-3 မှ ကျောင်းသား၊ ကျောင်းသူများက အဖွဲ့လိုက်ယှဥ်ပြိုင်မှုကိုစတင်ရာ Grade-3 မှ ကျောင်းသား၊ ကျောင်းသူ အဖွဲ့(၄)ဖွဲ့က ပုံပြင်ပြော(သရုပ်ဆောင်ပါ) များကို ဝင်ရောက်ယှ၍ ပြိုင်ပြီး Grade-2 မှ ကျောင်းသား၊ ကျောင်းသူအဖွဲ့ ၅ ဖွဲ့က သင်ရိုးညွန့်တမ်းပါ ကဗျာများထဲမှ ကဗျာ ၃ ပုဒ်ကို မဲနှိုက်ကာ အဖွဲ့လိုက်(သရုပ်ဆောင်ပါ)သီဆိုကြကြောင်း သိရသည်။

ယင်းနောက် Grade-1 ကျောင်းသား၊ ကျောင်းသာများက လက်ရေးလှယှဥ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော အဖွဲ့များအား အမှတ်ပေးဒိုင်းချုပ်များက ဆုကြေငြာကာ ဆုရရှိသူများကို ကျောင်းတွင်းပညာရေးစုံညီပွဲတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တွံတေးသား(ပြန်/ဆက်)