သုံးခွ နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ သုံးခွမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဇော်ဝင်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က ဝန်ကြီးဌာန၊ ဦးစီးဌာနတို့မှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ရှေ့လုပ်ငန်းစဥ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေဆောင်ရွက်ရာတွင် သုံးခွမြို့နယ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်လုပ်ငန်းများတွင် အောင်မြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်သွားကြရန်ပြောကြားသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာကို သမဝါယမအသင်းစုမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မာမာစီက ဖတ်ကြားတင်ပြခြင်းနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများအား အသင်းစာရင်းစစ် ဦးစိန်ညွှန့်တို့က အသီးသီးဖတ်ကြားတင်ပြခဲ့ကြပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့ အစီအရင်ခံစာ ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းဝင်ကိုယ်စားလှယ်များက သဘောတူကြသဖြင့် သဘာပတိက အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က အခြေခံသမဝါယမအသင်းများသို့ အစုပေါ်အမြတ်ခွဲဝေငွေကျပ်( ၃၇၀၆၅၄၇ .၁၇ )သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)