မိတ္ထီလာ နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော ၂ဝ၂၄ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် ကဗျာရေးစပ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကိုများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲမကျင်းပမီ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေညာမြေမြတ်သင်းကြိုင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါပြိုင်ပွဲများကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ယနေ့ပထမနေ့အဖြစ် ကဗျာရေးစပ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ဦးစွာကျင်းပရာ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့် ပြိုင်ပွဲဝင်များအနေဖြင့် ကဗျာရေးစပ်ပြိုင်ပွဲတွင် ၄ဝ ဦး နှင့် စာစီစာကုံးပြိုင်ပွဲတွင် ၃၄ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲဝင်ကျောင်းသူကျောင်းသားများ၏ ပါဝင်ယှဉ်ပြိုင်နေမှုအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်း၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေညာမြေ မြတ်သင်းကြိုင် နှင့်တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့သည်။ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျပန်းစကား ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဒီဇင်ဘာလ ၁ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (ပြန်/ဆက်)