မော်လမြိုင်ကျွန်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရေယာဉ်များအား ယနေ့ နံနက်ပိုင်းက တုံးလှဲချောင်းမြစ်အတွင်းရှိ ရေယာဉ်အမည် MV ရတနာထိန်းလင်း၊ MV ရွှေလမင်း (၁)၊ MV- 958 နှင့် MV အာသာဝတီတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဇော်၊ မြို့နယ်အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကရေယာဉ်စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်တို့က မော်လမြိုင်ကျွန်းမြို့နယ်မှ တနင်္လါရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သို့ ထွက်ခွာမည်ဖြစ်သော MV ရတနာထိန်းလင်း ရေယာဉ်တွင် မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်များမှ ဆန် (၁၀၅၀၀) အိတ်၊ ကောက်ညှင်း (၅၀၀) အိတ် စုစုပေါင်း (၁၁၀၀၀) အိတ်ကိုလည်းကောင်း၊ MV ရွှေလမ်းမင်း (၁) တွင် ဆန် (၂၇၅၀) အိတ်၊ ကောင်းညှင်း (၂၅၀) စုစုပေါင်း (၃၀၀၀) အိတ်ကိုလည်းကောင်း၊ MV -958 တွင် ဆန် (၅၅၀၀) အိတ်၊ ကောက်ညှင်း (၅၀၀) စုစုပေါင်း (၆၀၀၀) အိတ်ကိုလည်းကောင်း၊ MV အာသာဝတီတွင် ဆန် (၆၀၀၀) အိတ်တို့ကို စနစ်တကျတင်ဆောင်ထားရှိပြီး သတ်မှတ်ထားသော ဆန်အိတ်အရေအတွက်ကိုသာ တင်ဆောင်ရန်၊ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်သောကုန်စည်များ၊ လက်နက်ခဲယမ်းများ တင်ဆောင်ခြင်းမပြုရန်နှင့် ဥပဒေနှင့် မလွတ်ကင်းသော မည့်သည့်ကုန်ပစ္စည်းများမဆို ဖြန့်ဖြူးရောင်းချသယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်ကြရန်နှင့် ရေယာဉ်လိုင်စင်များ ဆောင်ထားခြင်း ရှိ/ မရှိ၊ ရေယာဉ်လုပ်သားများ နိုင်ငံသားမှတ်ပုံတင်များကိုင် ဆောင်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ၎င်းရေယာဉ်မှ တာဝန်ခံများအား မှာကြားခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)