ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝန်ကြီးဌာနယိမ်းအဖွဲ့များနှင့် ရပ်ကွက်ယိမ်းများ မြိုင်မြိုင်ဆိုင်ဆိုင် လေ့ကျင့်ပြင်ဆင်လျက်ရှိ

၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ တစ်မူထူးခြား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လမ်းလျှောက်သင်္ကြန်ပွဲတော်များကို နေရာ(၃)နေရာဖြင့် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်သည့်အပြင် မဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများအား ရိုးရာယဉ်ကျေးမှုနှင့်အညီ ထည့်သွင်းကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

မောက်မယ်မြို့နယ်၌ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများထုတ်ပေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းဝန်ထမ်းပေါင်းစုံငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ ၆ လအတွက် ဝန်ထမ်းများမှ စုဆောင်းငွေအပေါ် အတိုးများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးနိုင်ရေးအတွက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လမ်းကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ဆေးရုံ၊ ဈေးနှင့် လူစည်ကားရာနေရာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ညောင်ဦးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များ ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းအတွင်း ကျင်းပမည့် လမ်းလျှောက်သင်္ကြန်နှင့် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ဆောက်လုပ်ပြီးစီးမှု၊ အလှဆင်ထားမှုများအား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများ ယနေ့ နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ယခုအခါရာသီဥတုပူပြင်းလာသဖြင့် ပြည်သူများအားအပူဒဏ်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ အပူဒဏ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဝါးတီးကျေးရွာနှင့် ဗောဓိကုန်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များအတွက်ထောက်ပံ့ငွေပေးအပ်ခြင်းကိုယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့နယ်အတွင်း၌ ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုး၊ ဦးခင်မောင်လတ်၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီရန်ဖရန့်၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လေပြင်းတိုက်ခတ်မှု​ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူ​နေအိမ်များမှ အိမ်ထောင်စုဝင်များတက်ရောက်သည်။

ဖယ်ခုံမြို့နယ် မြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်း သတ်နည်းသရုပ်ပြခြင်း ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဖယ်ခုံမြို့၊ မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် တိုက်နယ်(၃)၌ မိုးကြိုသီးနှံမျိုးစုံ ၅၇၂၂ ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တိုက်နယ်(၃)၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးကြိုရာသီတွင် ဒေသနှင့်ကိုက်ညီသည့်သီနှံများ မျိုးစုံစိုက်ပျိုးလျက်ရှိရာ မတ် ၃၀ ရက်နေ့ ကွင်းဆင်း စစ်ဆေးတိုင်းတာမှုများအရ မိုးကြိုသီးနှံမျိုးစုံ ၅၇၂၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရသည်။

ကော့မှူးမြို့နယ်တွင် "စုံ"နံပါတ်/"မ"နံပါတ်အက္ခရာမော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

‌ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မကျီးကန်ကျေးရွာအုပ်စု၊ ​တိုးဂိတ်တွင် ကော့မှူးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ဌာနဆိုင်ရာပူးပေါင်းများပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက "စုံ"နံပါတ်အက္ခရာ/ "မ"နံပါတ်အက္ခရာ မော်တော်ယာဥ်များအား သတ်မှတ်ရက်အလိုက် မောင်းနှင်အသုံးပြုမှု ရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to