ပြင်စလူ ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ပြင်စလူမြို့အတွင်း မီးလန့်မှု မီးလောင်မှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း၊ မီးလောင်မှုများ ပေါ်ပေါက်လာပါက လျှင်လျှင်မြန်မြန်နှင့် ဆုံးရှံးမှုတန်ဖိုးနည်းပါးစေရန်အတွက် ပြင်စလူမြို့ မီးသတ်တပ်ဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးတွဲ၍ မီးသတ်ယာဥ်များဖြင့် အပတ်စဥ် လေ့ကျင့်ခြင်း၊ တစ်အိမ်တက် တစ်အိမ်ဆင်း မီးကြွင်းမီးကျန်များစစ်ဆေးခြင်း၊ ကြိုတင်ကာကွယ်ရေးပစ္စည်းများအား စစ်ဆေးခြင်း၊ စက်သုံးဆီသိုလှောင်ဆိုင်များကို မီးသတ်ဦးစီးဌာမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်းစသည့် မီးဘေးန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြင်စလူ ပြန်/ဆက်