ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော် ကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၃၀ ရက်က ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ရှမ်းနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မတီ နာယက ဒေါက်တာ စဝ်လင်းဆိုင်ဟွန်းနှင့် ဦးစိုင်းတစ်အွမ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှမ်းတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူး ဂုဏ်ပြုအမှာစကား ပြောကြားပြီး နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီသို့  ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ရှမ်းနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မတီနာယက ဒေါက်တာ စဝ်လင်းဆိုင်ဟွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပွဲတော်ကာလအတွင်း ရှမ်းသီချင်းဆိုပြိုင်ပွဲတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရှမ်းတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား မိတ်ဆုံစားပွဲဖြင့် တည်းခင်းဧည့်ခံ၍ ရှမ်းတိုင်းရင်းသားရိုးရာအက၊ တေးသီးချင်းများဖြင့်  ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)