ပွင့်ဖြူ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျတ် ခွင်ပြုရန်ပုံငွေဖြင့် ဆည်မုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက် ကုန်ထုတ်လမ်းမှာ အရှည်ပေ (၁)မိုင် ၊ ၂ ဒသမ ၃ ဖာလုံရှိပြီး လမ်းအကျယ် ၁၂ ပေ ၊ လမ်းအမြင့်ထု ကျောက်ရောမြေ နှစ်ပေ မြေနီ ၉ လက်မ ခင်းခြင်း ၊ အရှည် ၆ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၆ ပေရှိ Slab Culvert တံတား(၁)စင်းနှင့် အရှည်ပေ (၂၀) Pipe Culvert တံတား(၁)စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် ၁၁၉ ဒသမ ၁၆၈ သန်းဖြင့် တင်ဒါရရှိသည့် ဇေယျာစွမ်းထက်ကုမ္ပဏီမှ တာဝန်ယူ၍ ယခုနှစ် ဇွန်လ(၂၅)ရက်နေ့က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၆၅)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ အပါအဝင် ကျေးရွာ(၅)ရွာမှ အိမ်ခြေ ၁၁၁၃ အိမ်၊ လူဦးရေ ၄၂၈၉ ဦး၏ စိုက်ပျိုးလယ်မြေဧက(၉၀) အတွက် ရာသီအလိုက် သီးနှံများ အဆင်ပြေချောမွေ့စွာ စိုက်ပျိုးနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )