ခြောက်အိမ်တန်းကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာ စံကိုက်အဆောက်အဦဖွင့်ပွဲအခမ်း အနားကျင်းပ

အိမ်မဲ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူကောင်းကျွန်း ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ခြောက်အိမ်တန်းကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာ စံကိုက်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ခြောက်အိမ်တန်းကျေးရွာ၌ ယမန်​နေ့နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်။

 အခမ်းအနားကို တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးန်းဌေး၊ ခရိုင်ဒုတိယရဲမှူးကြီးသောင်းထိုက်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းသိုက်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးတို့က မင်္ဂလာအချိန်ကျရောက် သည့်အခါ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီးကျေးလက်ကျန်းမာရေးဌာန ခွဲစံကိုက်အဆောက်အဦဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းခြင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲအတွင်း လှည့်လှည်ကြည့်ရှုခြင်းတို့ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားများကို ပြောကြားခဲ့သည်။ ထို့နောက်ကျေးလက် ကျန်းမာရေးဌာနခွဲ စံကိုက်ဆောက်လုပ်နိုင်ရန် မြေနေရာအလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ရာ ကျေးရွာနေပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်နှင့်​​​မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်၊ မိခင်ကလေးစောင့်ရှောက်ရေး အသင်းအမျိုးသမီးရေးရာအဖွဲ့၊ ကျေးရွာနေပြည်သူများတက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားဆောင်ရွက်ပြီးနောက် မြောင်းမြပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများမှ ခြောက်အိမ်တန်းကျေးရွာနေပြည်သူလူထုများအား ကွင်းဆင်းဆေးကုသမှု အစီအစဉ်အားလှည့်လည် ကြည့်ရှုအားပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီးလူ ကောင်းကျွန်းကျေးလက်ကျန်းမာရေးဌာန၊ အိမ်မဲဆေးရုံနှင့်ရွာသစ် တိုက်နယ်ဆေးရုံများသို့ ကွင်းဆင်းကြီးကြပ်ခဲ့ပြီးလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)