ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ အသုံးစရိတ်လျာထားချက်များ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်
ဟားခါး ဇန်နဝါရီ ၁၁
၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ အသုံးစရိတ်လျာထားချက်များ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီခွဲက ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံကိန်းနှင့် ဘတ်ဂျက်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ဌာန / အဖွဲ့အစည်းများမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက် အသုံးစရိတ်များ လျာထားရာတွင် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများအနေဖြင့် အကြိမ်ကြိမ် စိစစ်ပြီးမှ လျာထားခြင်းဖြစ်သည်ကို သိရှိရပါကြောင်း၊ ထိုသို့ စိစစ်လျာထားခြင်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထည့်သွင်းလျာထားသင့်သည့်လုပ်ငန်းများကို လျာထားခြင်းမရှိဘဲ မထည့်သွင်းသင့်သည့် လုပ်ငန်းများထည့်သွင်းမိတာတွေလည်း ရှိနေနိုင်ကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပပြုလုပ်သည့်အစည်းအဝေးတွင် လျော့ချရမည့်လုပ်ငန်းများနှင့် ထည့်သွင်းလျာထားရန်လိုအပ် သည့် အရေးပါသည့်လုပ်ငန်းများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြရမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ၊ ပြည်နယ် စီမံကိန်းနှင့် ဘတ်ဂျက်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ခေတ္တစီးပွားရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်စီမံကိန်းနှင့် ဘတ်ဂျက်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ ပြည်နယ်စီမံကိန်းနှင့် ဘတ်ဂျက်စိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြတ်ကျော်နှင့် ပြည်နယ်စီမံကိန်းနှင့် ဘတ်ဂျက်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်စီမံကိန်းဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးသန်းဦးတို့က ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်များ လျာထားမှု နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန/ အဖွဲ့အစည်း (၂၁) ခုမှ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၅− ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားချက်များကို လုပ်ငန်းတစ်ခုချင်းစီအလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာန/ အဖွဲ့အစည်း (၂၁) ခုမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံကိန်းနှင့် ဘတ်ဂျက်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်စီမံကိန်းနှင့် ဘတ်ဂျက်စိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ၊ ပြည်နယ်စီမံကိန်းဦးစီးဌာနရုံး ညွှန်ကြားရေးမှူးတို့က ထပ်မံဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)