ရွှေကျင် ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မြို့မစျေးအတွင်း မီးဘေးလုံခြုံရေးအတွက် ရွှေကျင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။
မြို့မစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်လတ်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ညီညီလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများ စျေးကော်မတီအဖွဲ့တို့ပူးပေါင်းကာ စျေးအတွင်းလျှပ်စစ်မီးသုံးစွဲမှုနှင့် မီးချိတ်၊ မီးကပ်ထားရှိမှုများ ကြည့်ရှုစစ်ဆေးကာ စျေးသူ၊စျေးသားများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပေးခဲ့သည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)