ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဓနုဖြူ ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ဓနုဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေကြည်ကျေးရွာရှိ စံပြနေကြာစိုက်ခင်းသို့ရောက်ရှိကာ နေကြာစိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဓနုဖြူမြို့နယ်၊ တမြာကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာရှိ လျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ သွားရောက်ကာ လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စိုးက လျှပ်စစ်မြစ်ရေတင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)