ကျုံပျော်ခရိုင်တွင် အသေးစား အလတ်စား အငယ်စား MSMEs ထုတ်ကုန်ပြပွဲ ပြိုင်ပွဲပြုလုပ်

ကျုံပျော် ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၏ အသေးစားအလတ်စားအငယ်စား MSMEs ထုတ်ကုန်ပြပွဲပြိုင်ပွဲကို ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။

ဦးစွာ ပြပွဲပြိုင်ပွဲအား ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ညီညီအောင်နှင့်အဖွဲ့ဝင် (၂) ဦးရန်နိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ဒေသထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် သတ်မှတ်စည်းမျဉ်းနှင့် ကိုက်ညီသည့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် OROP စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များနှင့် မြို့နယ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ အသေးစားအလတ်စား အငယ်စား MSMEs ထုတ်ကုန်ပြပွဲ ပြိုင်ပွဲသို့ ကျုံပျော်ခရိုင်အတွင်းရှိ ကျုံပျော်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့မှ ကြိမ်၊ ဝါး ၊ ဗေဒါ လူသုံးကုန်ပစ္စည်းများ၊  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများပါဝင်ပြသခဲ့ကြပြီး ဝယ်ယူအားပေးသူများကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)