မိတ္ထီလာမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေးကမ်ပိန်းဆောင်ရွက်

မိတ္ထီလာ ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေးကမ်ပိန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အ.ထ.က-၁ အနီး မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမဘေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာကြသော ဒေသခံပြည်သူများများနှင့် ခရီးသွားပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်နှင့်ဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာနှင့်ဝန်ထမ်းများ၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အ.ထ.က (၁)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများက အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တာဝန်ရှိသူများက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ